Friday, April 17, 2009
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့.. ကောင်လေးရဲ့ ဘလော့ကို လာလည် ကြသော ဘလော့မောင်နှမ အာလုံးကို နှုတ်ခွန်းဆက်မေတ္တာပို့သပါတယ်..။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူပြောင်းကြတဲ့အချိန်မှာ.. မြန်မာလူမျိုးတွေဟာ ဘုရားသွား ကျောင်းတက် ဥပုသ်သီလ ယူ ... သတ္တ၀ါတွေကို ဘေးမဲ့လွတ်ကြတာ ချစ်စရာ မြန်မာ့ဓလေ့ပါ...။ မြို့တိုင်း ရွာတိုင်း ရပ်ကွက်တိုင်း အိမ်တိုင်းမှာ ပရိတ်တရားတွေ ရွတ်ဖတ်ပြီး.. နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောပြီး. နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုကြတာဟာလည်း မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာတစ်ခုပါ...။
ကောင်လေးကလည်း ၃၁ ဘုံကြင်လည်ကျကုန်သော လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါ အပေါင်း ကျန်းမာကြပါစေ..၊ ချမ်းသာကြပါစေ..၊ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ..၊ သောကခပ်သိမ်း အေးကြပါစေ..၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ လို့ ဆုတောင့်မေတ္တာပို့သရင်း.. နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုပါသည်..။
ကောင်လေးဘလော့ကို ရောက်လာကုန်ကြသော ဘလော့ ညီအစ်ကိုမောင်နှမ အားလုံး အတွက် မင်္ဂလာရှိသောနှစ်သစ်မှာဖြစ်ပါစေ..ခင်ဗျာ...။




9 Comments:
မင်္ဂလာနှစ်သစ်ပါဗျား။ တောင်းတဲ့ဆုတွေ ပြည့်ပါစေဗျာ
မင်္ဂလာရှိသော နှစ်သစ်လေးပါ ညီလေးရေ
မင်္ဂလာရှိသော နှစ်သစ်ပါ..။
မင်္ဂလာရှိသော နှစ်သစ်လေးပါ ကောင်လေးရေး)
ကျက်သရေ ရှိလိုက်တာ ညီလေးရယ် .. မင်္ဂလာ နှစ်သစ်ပါဗျာ ...
မင်္ဂလာနှစ်သစ်ပါကောင်လေးရေ
ကောင်လေးလဲ ပျော်စရာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ
း)
စီပုံးပျောက်နေလို့ ဒီကလာအော်သွားတယ်.. ဘာတွေလုပ်..
have a good year !!
ကောင်လေးရေ.. မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ။ နှစ်သစ်မှစပြီး နောင်နှစ်များတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ။
Post a Comment